ရေဦး  ၁၉ ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှုးရုံး က ၂၀၁၉ - ၂၀၂၀ ကျောင်းဖွင့်ရာသီတွင် ရေဦးမြို့နယ်ရှိ  အခြေခံပညာကျောင်းများ၊ တရားဝင်မှတ်ပုံတင်ထားသည့်    မိဘမဲ့ကလေးကျောင်းများ၊  ဘုန်းတော်ကြီးသင် စာသင်ကျောင်းများနှင့်‌ ကျေးရွာအိမ်‌ထောင်စုများရှိ အသက် (၁၀) နှစ်ပြည့် ကျောင်းသား/သူများ၊ အသက် (၁၈) နှစ်ပြည့်ပြီး သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား သို့မဟုတ် ကိုင်ဆောင်သင့်သော  လက်မှတ်တစ်မျိုးမျိုး လက်ဝယ်ရရှိရေး   ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် တစ်ပါတည်း အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်ပေးခြင်းတို့ကို ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
             
ထိုနည်းတူ ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၈ နာရီက ရွာဗုကြီး‌ကျေးရွာ အ‌ခြေခံပညာ အထက်တန်းကျောင်းသို့  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှုး ဦးဇော်မင်းဦး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ဒုလဝကမှုး၊ လက်ထောက် လဝကမှုးနှင့် ဝန်ထမ်းများက  လိုအပ်သော စာရင်းဇယားများ အထောက်အထား အချက်အလက်များရယူခြင်း၊ လက်ဗွေနှိပ်ခြင်း၊ မွေးဖွားစာရင်း ကောက်ယူခြင်းလုပ်ငန်းများ  ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။    

ထိုသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်  အိမ်ထောင်စု လူဦးရေစာရင်းများ စီမံချက်ဖြင့်  ဆောင်ရွက်ပေးလျက်ရှိရာ    ယခုအခါ  အိမ်ထောင်စု ၃၄၉ စု၊  ကျောင်းပေါင်း ၁၈ ကျောင်း အပါအဝင်  နိုင်ငံသားစိစစ်ရေးကတ်ပြား  ၅၄၃၂ ခုအထိ  ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သန်းသန်း ( ရေဦး )