ရန်ကုန် ၁၉ ဖေဖော်ဝါရီ
တောင်ဥက္ကလာပမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် လူဝင်မှုကြီးကြီးပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ကြီးကြပ်၍ ဆောင်ရွက်ပေးသော နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် (စနေနေ့) နံနက် ၁၀ နာရီမှစ၍ အမှတ်(၁၄)ရပ်ကွက် စီမံကိန်း(၁) မြလေးလမ်းရှိ အရိယဓမ္မာရုံ၌ ပြုလုပ်ပေးမည်ဖြစ်သည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အသက်(၁၀)နှစ်ပြည့်ပြီးသူများနှင့် (၁၈)နှစ်ပြည့်ပြီး သူများ ပါဝင်ပြီး အသစ်ပြုလုပ်ပေးခြင်းနှင့် ပျက်စီး၊ ပျောက်ဆုံးခြင်းအား ပြန်လည်ပြုလုပ် ပေးခြင်း တို့ကို ဆောင်ရွက်ပေးမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ မှတ်ပုံတင် အသစ်ပြုလုပ်လိုသူများသည် (၀.၈) ဆိုဒ်ရှိ ဖြူမဲ ဓါက်ပုံ (၅) ပုံ၊ မိဘမှတ်ပုံတင်မူရင်း မိတ္တူ၊ မွေးစာရင်း မူရင်းမိတ္တူ၊ သွေးအုပ်စု စစ်ချက် မူရင်းမိတ္တူ၊ ကျောင်း ထောက်ခံစာ မူရင်းမိတ္တူ၊ သန်းခေါင်စာရင်းမူရင်းမိတ္တူ တို့လိုအပ်မည်ဖြစ်ပြီး မှတ်ပုံတင် ပျောက်ဆုံး၊ ပျက်စီးခြင်းအား ပြန်လည်ပြုလုပ်လိုသူများသည် (၀.၈) ဆိုဒ် ဖြူမဲ ဓါက်ပုံ (၅) ပုံ၊ သန်းခေါင်စာရင်း မူရင်း မိတ္တူ တို့လိုအပ်မည်ဖြစ်ကြောင်း သိရသည်။
နေထက်အောင်


