၁၉ ဖေဖော်ဝါရီ

 

မန္တလေး-မြစ်ကြီးနား အမှတ် ၃၁ အဆန် နှင့် ၃၂ အစုန် အဲကွန်း လေအိတ်အထူးရထားအား လာမည့် မတ်လဆန်းတွင် စတင် ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လမ်းပိုင်းတွင် (၇) ဘူတာရပ်နားမည်ဖြစ်ပြီး ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ နဘား၊ မိုးညှင်း၊ ဟိုပင် မိုးကောင်းဘူတာများဖြစ်ကြောင်း သိရသည်။

 

7418520

 

လက်ရှိပြေးဆွဲပေးနေသော လေအိတ်ရထားမှာ ကန့်ဘလူ ဘူတာနှင့် ဟိုပင်ဘူတာတွင် မရပ်သဖြင့် ပြည်သူများ ‌တောင်းဆိုခဲ့ကြသည်။ ယခုအသစ်ပြေးဆွဲမည့် လေအိတ်ရထား၏ အစီအစဉ်သစ်များဖြင့် ပြည်သူ့ဆန္ဒကိုဖြည့်ဆည်းပေးလိုက်ရဖြစ် ကြောင်းမြန်မာ့မီးရထားတာဝန်ရှိသူ တစ်ဦးမှပြောပြသည်။

 

အဆိုပါ ရထားစီးလက်မှတ်ခများကို မန္တလေးမှ ရွှေဘို  ရိုးရိုးတန်း ၂၀ဝ၀ ကျပ်၊ အထက်တန်း  ၄၀ဝ၀ ကျပ်၊ ကန့်ဘလူသို့  ရိုးရိုးတန်း ၃၅၀ဝ ကျပ်၊   အထက်တန်း  ၆၅၀ဝကျပ်၊ ကောလင်းသို့ ရိုးရိုးတန်း ၅၀ဝ၀ ကျပ်၊  အထက်တန်း   ၉၅၀ဝကျပ်၊ နဘား သို့ ရိုးရိုးတန်း ၆၅၀ဝကျပ်၊ အထက်တန်း၁၂၅၀ဝကျပ်၊ မိုးညှင်းသို့ ရိုးရိုးတန်း ၇၅၀ဝ ကျပ်၊  အထက်တန်း ၁၅၀ဝ၀ကျပ်၊ ဟိုပင်သို့   ရိုးရိုးတန်း ၈၀ဝ၀ ကျပ်၊ အထက်တန်း ၁၆၀ဝ၀ကျပ်၊ မိုးကောင်းသို့  ရိုးရိုးတန်း ၉၀ဝ၀ ကျပ်၊ အထက်တန်း ၁၈၀ဝ၀ ကျပ် မြစ်ကြီးနားသို့  ရိုးရိုးတန်း ၁၀ဝ၀ဝကျပ်၊ အထက်တန်း ၂၀ဝ၀ဝ ကျပ် နှုန်းဖြင့် လျာထားကြောင်း သိရပါသည်။

 

လူအောင်(ကသာ)

 

754210