နေပြည်တော် ၁၉ ဖေဖော်ဝါရီ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် Department for International Development – DFID (UKaid) ၏ External Team of Election Experts ခေါင်းဆောင်ဖြစ်သူ Mr. Holly Ruthrauff နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသော စံ (၅)ချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများနှင့် ဆင့်ပွားသင်တန်းများ ဆောင်ရွက်နေမှု၊ ပထမအကြိမ် မဲပေးမည့် လူငယ်များအတွက် မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အမုန်းစကားများ၊ သတင်းအမှားများ တားဆီးကာကွယ်ရေးနှင့် သတင်းမှန်ထုတ်ပြန်နိုင်ရေး ဆောင်ရွက်နေမှု၊ နယ်စပ်ဒေသ တိုက်ပွဲရှောင်စခန်းများရှိ မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့်ရရှိရေး ဆောင်ရွက်နေမှု၊ ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ကြားသွားမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


