ဆိပ်ဖြူ ၁၉ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူတို့အတွက် စာသောက်ကုန်နှင့် ဆေးဝါးများ ဘေးကင်းလုံခြုံမှုရှိစေရန် စစ်ဆေးအသိပညာပေးခြင်းကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် ပတ္တမြားဈေးတွင် ဆောင်ရွက်သည်။

 

အဆိုပါကွင်ဆင်းစစ်ဆေးခြင်းကို ပခုက္ကူခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီတွင် ပတ္တမြားဈေးအတွင်းရှိ ဈေးဆိုင်များ၌ နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာထားရှိသည့် စားသုံးရန်မသင့်သည့် အစားအစာနှင့် ဆေးဝါးများရောင်းချခြင်း ရှိ/မရှိနှင့် ထုတ်ကုန်အမှတ်တံဆိပ် ပြည့်စုံမှု ရှိ/မရှိများကို စစ်ဆေးခဲ့သည်။

 

ဆက်လက်၍ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌  မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦမင်းစည်သူက စားသုံးသူ အကာအကွယ်ပေးရေး အသိပညာပေးဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးပြီး ပခုက္ကူခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်နီလာဌေးက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းနှင့်ရည်ရွယ်ချက်များ၊ ဒေသခံပြည်သူများကို အစားအစာနှင့်ဆေးဝါးများ ရောင်းချရာတွင် စားသုံးရန်အသင့်သည့် အစားအစားများနှင့် တရားမဝင်ဆေးဝါးများ ရောင်းချမှုမရှိစေရန်နှင့် သက်တမ်းလွန် ကုန်ပစ္စည်းများ မှတ်ပုံတင်အမှတ်တံဆိပ်နှင့် ခွင့်ပြုချက်မပါသော ထုတ်ကုန်များရောင်းချခြင်း မရှိစေရေးကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်နေလင်းက စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းနှင့်ရည်ရွယ်ချက်များ၊ စားသုံးသူ အခွင့်အရေးဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ အဆိုပါစစ်ဆေးရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်လုပ်ငန်းများနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

စိုးလင်းနိုင်(IPRD)