နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းသည် ကိုရီးယားသမ္မတနိုင်ငံ KB Kookmin Bank, Head of Global Business Group ၏ Senior Managing Director, Mr. Choi Chang Su အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် Korea-Myanmar Industrial Complex တွင် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံလျက်ရှိသည့် အခြေအနေများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စ၊ Microfinance လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနေသည့်ကိစ္စ၊ KB Kookmin Bank မှ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့်ကိစ္စ၊ မြန်မာနိုင်ငံ၏ Credit Scoring System တိုးတက်လာရေးအတွက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများ၊ ဘဏ်လုပ်ငန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးခြင်းဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။  

သတင်းစဉ်