လွိုင်လင် ၂၀ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့ရှိ နည်းပညာတက္ကသိုလ်(ပင်လုံ)၌ အလုပ်ရုံအဆောက်အဦ ပန္နက်တော်တင်မင်္ဂလာကို အဆိုပါတေက္ကသိုလ်၏ ကျောင်းသူအဆောင်ရှေ့တွင် ယနေ့နံနက်(၉)နာရီက ကျင်းပသည်။
နည်းပညာတက္ကသိုလ်(ပင်လုံ)တွင် တည်ဆောက်မည့် အလုပ်ရုံအဆောက်အဦအား မင်္ဂလာ အချိန်တွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ နည်းပညာ တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ပန္နက်တော်တင် ပေးကြသည်။
အဆိုပါအလုပ်ရုံအဆောက်အဦသည် အလျား ၁၂၅ ပေ၊ အနံပေ ၆၀ ရှိ R.c.c(၁)ထပ် အဆောက်အဦဖြစ်ကာ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုငွေ (၂၆၃.၆၉)သန်းဖြစ်ကြောင်းနှင့် ဟေဝန်စမ်းကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)


