မြင်းခြံ ၂၀ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ၊ မြင်းခြံမြို့ရှိ စက်သုံးဆီ အရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန်နှင့် စနစ်တကျ မီးငြှိမ်းသတ်နိုင်စေ ရန်အတွက် မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့မှ သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းက မြင်းခြံ-ပုဂံညောင်ဦးလမ်းမပေါ်ရှိ "OK" စက်သုံးဆီ အရောင်းဆိုင်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် နှင့်စနစ်တကျ မီးငြှိမ်းသတ်နိုင်စေရန်အတွက် မြင်းခြံခရိုင်မီးသတ်တပ်ဖွဲ့မှခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်က မီးလောင်မှုဖြစ်ပွားမှု အကြောင်းများ ၊ မီးလောင်မှုဖြစ်ပွားလျှင်ကြောက်လန့် ထွက်ပြေးခြင်းမပြုဘဲ ဝိုင်းဝန်းငြှိမ်းသတ်ကြရန် လိုကြောင်း ၊ မီးသတ်တပ်ဖွဲ့၏အရေးပေါ် ဖုန်းနံပါတ် (၁၉၁)သို့ ဆက်သွယ် အကြောင်းကြား ပေးကြရန်လိုကြောင်း စသည်တို့ကိုဟောပြောခဲ့ပြီး ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ လက်တွေ့ငြှိမ်းသတ် ပြသခဲ့သည်။
ထို့နောက် စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်းများကို မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်း လက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။
စက်သုံးဆီ အရောင်းဆိုင်များ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန်နှင့်စနစ် တကျ မီးငြှိမ်းသတ်နည်း လက်တွေ့သရုပ်ပြသခြင်းသို့ "OK" စက်သုံးဆီဆိုင် ၊ "Hello" စက်သုံး ဆီဆိုင် ၊ "UP" စက်သုံးဆီဆိုင်များမှ ပိုင်ရှင်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
ဇော်မင်းနိုင်(မြင်းခြံ)


