ကျိုက်ဒုံ  ၂၀  ဖေဖော်ဝါရီ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ယနေ့ မွန်းလွဲပိုင်းက တိုင်းရင်းသား စာပေစာအုပ်များဖြင့် အသိပညာပေးပုံပြင်ပြောပြိုင်ပွဲ ကျင်းပခဲ့သည်။

 

ပြိုင်ပွဲတွင်(အ.ထ.က)ကျိုက်ဒုံမှ မူလွန်အဆင့် ကျောင်းသားကျောင်းသူ(၁၅)ဦးတို့က(ယူနီဆက်)မှ လှူဒါန်းထားသည့် တိုင်းရင်းသားစာပေစာအုပ်များနှင့် မိမိတို့ကြိုက်နှစ်သက်ရာ အသိပညာပေး ပုံပြင်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။

 

အဆိုပါပြိုင်ပွဲကို ကျိုက်ဒုံမြို့(ပြန်/ဆက်)ဦးစီးဌာန ကြီးမှူးကာ ကျောင်းသားကျောင်းသူများအတွက် အသိပညာဗဟုသုတများတိုးပွားပြီး စာပေနှင့်ရင်းနှီးမှုများ ရှိလာစေရေး၊ တိုင်းရင်းသား စာပေစာအုပ်စာစောင်များဖြင့် အသိဉာဏ်ပညာများပိုမိုဖွံ့ဖြိုးလာနိုင်ရေး၊ ပြည်သူ့စာကြည့်တိုက်သည် ကျောင်းသားကျောင်းသူများအတွက် စိတ်အပန်းဖြေရာနေရာနှင့် အသိပညာ ဗဟုသုတများပေးနေသည့် နေရာတစ်ခု ဖြစ်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပုံပြင်ပြောပြိုင်ပွဲအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းနိုင်(ပြန်/ဆက်)

 

mdn