စဉ့်ကူး  ၂၀   ဖေဖော်ဝါရီ

 

စဉ့်ကူးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ ၃၀ဝ၀ ကျော်ကို စာစစ်ဌာန (၅)ခုဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

အဆိုပါ စာစစ်ဌာနများဖြစ်သည် စဉ့်ကူး အ-ထ-က စာစစ်ဌာန၌ (၁၀ဝ၁)ဦး၊ လက်ပန်လှ အ-ထ-က စာစစ်ဌာန၌ (၆၆၈)ဦး၊ ထုံးကြီး အ-ထ-က စာစစ်ဌာန၌ (၃၇၃)ဦး၊ ရွှေပြည် အ-ထ-က စာစစ်ဌာန၌ (၇၃၅)ဦး၊ ကျည်တောက်ပေါက် အ-ထ-က စာစစ်ဌာန၌ (၅၉၆) ဦး စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၃၃၇၃)ဦး ဝင်ရောက်ဖြေဆို ကြမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

 

မင်းဇော်ဦး(ပြန်/ဆက်)