၂၀ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ သတင်းထုတ်ပြန်ချက် ၄ / ၂၀၂၀

 

၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ ကြာသပတေးနေ့။

 

“သတင်းအတု/ အယောင်များ၊ သတင်းမှားများ နှင့် သတင်းခိုးကူးနေသည့် အွန်လိုင်းဝက်(ဘ်)ဆိုဒ်များ၊ ဆိုရှယ်မီဒီယာပေ့ချ်များအား ဒုတိယအကြိမ် ကြေညာခြင်း”

 

၁။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၏ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂) ရက် နေ့ သတင်းထုတ်ပြန်ချက် အမှတ် (၇/ ၂၀၁၉) အရ သတင်းခိုးကူးမှုများနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

 

၂။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့ ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပခဲ့သော “မီဒီယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် တတိယအကြိမ် မဏ္ဍိုင် (၄) ရပ် အလုပ်ရုံဆွေးနွေးပွဲ” တွင် သဘောတူညီချက် (၁၃) ချက်မှ အမှတ်စဉ် (၁၀) တွင် “ သတင်းအတု/ အယောင်များ၊ သတင်းမှားများ ရေးသားဖြန့်ဖြူးနေမှုများနှင့်ပတ်သက်၍ သတင်းမီဒီယာများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်ပြီး ပြည်သူလူထုသို့အသိပေးဖြန့်ဝေသွားရန်” ဟု ပါရှိသည်။

 

၃။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အဘက်ဘက်မှ စိစစ်ပြီးနောက် သတင်းခိုးယူနေသည့် ဝက်(ဘ်)ဆိုဒ်နှင့် ဆိုရှယ်မီဒီယာ ပေ့ချ်များ၏ အမည်စာရင်းအား ထပ်မံ ကြေညာလိုက်ပါသည်။ သတင်းခိုးကူးသည့် အွန်လိုင်းဝက်(ဘ်)ဆိုဒ် နှင့် ဆိုရှယ်မီဒီယာ ပေ့ချ်များကိုလည်း ဆက်လက်ကြေညာမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ