ရန်ကုန် ၂၀ ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး) မှ ကြီးမှူးကျင်းပသည့် ၂၀၁၉ ခုနှစ် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲနှင့် ထိုင်းနိုင်ငံမှ ပေးအပ်သော (၃၈)ဖြာမင်္ဂလာတရားတော်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ အမှတ်() အခြေခံပညာ အထက်တန်းကျောင်း စန္ဒိမာခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း (ဗဟို) ဥက္ကဋ္ဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက အမှာစကားပြောကြားပြီး ..က() မရမ်းကုန်းမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး သာသနာနုဂ္ဂဟအသင်း ဥက္ကဋ္ဌ ဒေါက်တာရဲအောင် (လူမှုထူးချွန်) က ၂၀၁၉ ခုနှစ် ယဉ်ကျေးလိမ္မာ သင်တန်းဆင်းအောင်ပွဲနှင့် ထိုင်းနိုင်ငံတွင် (၃၈)ဖြာမင်္ဂလာစာမေးပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ထိုင်းနိုင်ငံမှ ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ()ဦးကို သင်တန်းသား သင်တန်းသူများနှင့် မိတ်ဆက်ပေးခဲ့ပြီး ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေက ..က() ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။

 

သတင်းနှင့်ဓာတ်ပုံ- နေလင်း