ကော့သောင်း ၂၁ ဖေဖေါ်ဝါရီ
ဓမ္မဒူတမိသားစု အကျိုးတော်ဆောင်အဖွဲ့များ ကြီးမှူး၍ မြို့ခံအလှူရှင်စေတနာရှင်များပူးပေါင်း ကျင်းပသည့် သာသနဓဇသဒ္ဓမ္မနေပုည(ဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊မဟာဂန္တဝါစကပဏ္ဍိတ)မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ ထေရဝါဒတက္ကသိုလ် တွဲဖက်ပါမောက္ခ ဆရာတော် ဓမ္မဒူတ ဒေါက်တာအရှင်ဆေကိန္ဒ ၏ ကလေးအထူး တရားပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ ပြည်တော်အေးသာသနာ့ ဗိမာန်တော်၌ စည်ကားသိုက်မြိုက်စွာ ဆင်ယင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါ ကလေးအထူးတရားပွဲသို့ ကော့သောင်း မြို့ပေါ်နှင့် ကျေးရွာအုပ်စုများရှိ အထက်တန်း ကျောင်းများ၊ အထက်တန်းကျောင်း(ခွဲ)များမှ ကျောင်းသား/ကျောင်းသူ ကလေးငယ် ဦးရေ နှစ်ထောင်ကျော်ခန့် စည်ကားသိုက်မြိုက်စွာ တက်ရောက်တရားတော် နာယူခဲ့ကြသည်။
ဆရာတော်သည် ကျောင်းသား အရွယ် ကလေးငယ် ဘဝမှ စ ၍ အမျိုးဘာသာ သနာ ၏တန်ဖိုး ကိုနားလည်ရန် မိဘဆရာသမားတို့၏ ဂုဏ်ကျေးဇူး၊ လူမှုဝန်းကျင် နယ်ပါယ်တွင် ရိုးသား စိတ်စေတနာကောင်းများ ထားရှိမွေးမြူတတ်လာကြမည့် လိမ္မာယဉ်ကျေးသည့် ဗုဒ္ဓဘာသာဝင် အမျိုးကောင်း သားသမီး ရတနာများ ဖြစ်လာကြစေရန် ရည်ရွယ်ကာ ကျင်းပဟောပြောခဲ့ခြင်းဖြစ်ပြီး ဗုဒ္ဓဓမ္မဆိုင်ရာ သိသင့်သိအပ်သည့် အကြောင်းအရာများ၊ တရားပွဲလာကျောင်းသား ကျောင်းသူကလေးများ၏ ဗုဒ္ဓဇတ်နိပါတ်တော်လာ သိလိုသည့် အကြောင်းအရာများ၏ မေးမြန်းချက်များကို ဆရာတော်က ပြန်လည်မိန့်ကြားရှင်းလင်းဟောကြားခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


