ချောင်းသာ  ၂၁  ဖေဖေါ်ဝါရီ 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် စားသုံးသူကာကွယ်ရေးဉပဒေအရ ယနေ့နံနက်ပိုင်းက ချောင်းသာမြို့ရပ်ကွက်များအတွင်းရှိ ဈေးဆိုင်များအား စစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၊ သရက်တောထိုးမုန့်ဆိုင်များ၊ ငါးပိ၊ ငါးခြောက်ဆိုင်များတွင် ရောင်းချလျှက်ရှိသော ကုန်ပစ္စည်းများအား စာသုံးသူကာကွယ်ရေး ဉပဒေနှင့် ညီညွတ်စေရန်အတွက် အစားအသောက်ကုန် အညွှန်းအမှတ်အသား တံဆိပ်များတွင် မြန်မာစာတန်းထိုး အမှတ်အသားပါ မပါ၊ ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိမရှိ၊ အချိုမှုန့်ထုပ်များ၊ ဆပ်ပြာမှုန့်ထုပ်များအား အလေးချိန်ပြည့် မပြည့်တို့ကို လိုက်လံစစ်ဆေးခဲ့သည်။

 

‌ေ

 

ထို့သို့ဆောင်ရွက်ရာတွင် လိုအပ်ချက်ရှိသောကုန်အညွှန်းအမှတ်အသားများ၊ အလေးချိန်မပြည့်မီသော ကုန်ပစ္စည်းများနှင့်ပတ်သက်၍ စားသုံးသူများနစ်နာ မှုမရှိစေရန် စာသုံးသူကာကွယ်ရေးဉပဒေနှင့်အညီ ပြင်ဆင်ရောင်းချကြရန် စားသုံးသူရေးရာဦးစီးဌာန ပုသိမ်ခရိုင် ဒုတိယဦးစီးမှူး ရှင်းလင်းပြောကြားခဲ့သည်။

ကိုကိုမောင် ရွှေသောင်ယံ(ပြန်/ဆက်)