ဖာပွန်  ၂၁   ဖေဖော်ဝါရီ 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူများအတွက် စာမေးပွဲဖြေဆိုခွင့်ကတ်များကို ဖေဖော်ဝါရီလ ၂၁ ရက်မှ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 

 တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ရရှိသူများကို ဖြေဆိုခွင့်ကတ်(Identity Card) များကို စာစစ်ဌာနများတွင် ထုတ်ပေးလျက်ရှိရာ ကျောင်းသား ကျောင်းသူများကလည်း မိမိတို့၏နိုင်ငံသားစိစစ်ရေး ကတ်ပြားများဖြင့် လာရောက်ထုတ်ယူလျက်ရှိကြပြီး ဖာပွန်မြို့နယ်၌ ယခုနှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူကျား(၇၆)ဦး၊ မ(၁၁၄)ဦး စုစုပေါင်း (၁၉၀) ဦးရှိကြောင်း အခြေခံပညာအထက်တန်းကျောင်းမှ သိရသည်။

စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)