နေပြည်တော်  ၂၁  ဖေဖော်ဝါရီ

 

နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ School Bus အစီး(၆၀) ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ တွင် ကျင်းပ သည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေး၀န်ကြီးဌာနနှင့် Korea International Cooperation Agency (KOICA) တို့၏ ပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်အရ KOICA သည် ၂၀၁၆ ခုနှစ် ဇွန်လတွင် School Bus အစီး (၄၀)ကို ပညာရေးဝန်ကြီးဌာနသို့ ပထမအကြိမ်အဖြစ် လှူဒါန်းခဲ့ပါကြောင်း၊ အဆိုပါ School Bus အစီး(၄၀)ကို နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိနှင့် ဒက္ခိဏသီရိမြို့နယ်များရှိ အခြေခံပညာကျောင်း (၁၂)ကျောင်းတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား ကျောင်းသူများအတွက် အသုံးပြုပြေးဆွဲလျက်ရှိပါကြောင်း။

 

5

 

၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်မည်‌ Improvement in Access to Education through Provision of School Buses in Myanmar စီမံကိန်း အရ (KOICA)မှ ဒုတိယအကြိမ်အဖြစ်လှူဒါန်း သည့် School Bus အစီး(၆၀)ကို နေပြည်တော်ကောင်စီနယ်မြေ ပျဥ်းမနား၊ လယ်ဝေး၊ ဥတ္တသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့်တပ်ကုန်းမြို့နယ်များရှိ  အခြေခံပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအတွက် အသုံးပြုသွားမည်ဖြစ်ပါကြောင်း၊ School Busများ ပေးအပ်လှူဒါန်းခြင်းများ အပါအဝင် လုံခြုံစိတ်ချစွာဖြင့် အသုံးပြုနိုင်ရန်အတွက် School Bus ယာဉ်မောင်းများနှင့် ၄င်းတို့ကို ကြီးကြပ်အုပ်ချုပ်သူများကို ယာဉ်မောင်းနှင် အသုံးပြုမှုနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ပညာပေးခြင်းနှင့် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း အားလုံးအတွက် အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့်အလိက် ယာဉ်အန္တရာယ်ကင်းဝေးရေး လမ်းညွှန်စာအုပ်ပြုစုပြီး သင်တန်းပေးမည် ဖြစ်ပါကြောင်း၊ KOICA မှ ယာဉ်မောင်း(၁၀၀)နှင့် ၄င်းတို့ကို ကြီးကြပ်အုပ်ချုပ်သူများအား ယာဉ်မောင်းနှင်အသုံးပြုမှုနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ သင်တန်းပေးခြင်းကို ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ် တို့အတွင်း (၃)ကြိမ်ခွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆောင်ဟွာက လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြသည်။

 

ထို့နောက် KOICA Myanmar Office မှ Chief Represntative Ms. Lee Youn Soo က အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း အား လှူဒါန်းမှုမှတ်တမ်းလွှာကို  လွှဲပြောင်းပေးအပ်သည်။

 

25235

 

အဆိုပါအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ အမျိုးသားလွှတ်တော်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။

 

(သတင်းစဉ်)