နေပြည်တော်  ၂၁  ဖေဖော်ဝါရီ

 

နိုင်ငံတော်၏ကုန်ထုတ်စွမ်းအားတိုးတက်စေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုရာတွင် စက်ရုံအလုပ်ရုံများ၏ ကုန်ထုတ်စွမ်းအား တိုးတက်ရေးအတွက် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေး၊ စက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်း၊ ဥပဒေပါရပိုင်ခွင့်များကို ပြည့်ပြည့်ဝဝ မှန်မှန်ကန်ကန် ရရှိစေရေးတို့အား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှစဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

 

အလုပ်သမားညွှန်ကြားရေးဦးစီးဌာန အနေဖြင့် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ပုံစံဖြင့် ကျား (၈၄၃၀) ဦး၊ မ (၂၁၉၂၄)ဦး တို့အတွက် အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် စုစုပေါင်း(၃၀၃၅၄) ဦးချုပ်ဆိုခဲ့ပါသည်။ အလုပ်ရှင်/အလုပ်သမားအငြင်းပွားမှုများကိုညှိနှိုင်းဖျန်ဖြေ ပေးရန်အတွက် မြို့နယ်များတွင် မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့များကိုဖွဲ့စည်းထားရှိဆောင်ရွက်ခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလအတွင်းလက်ခံရရှိမှု(၁၂၈)မှုတွင်အခြားဌာနသို့ လွှဲပြောင်းမှု(၄)မှု၊ ကျေအေး မှု(၃၆)မှု၊ ခုံသမာဓိအဖွဲ့သို့ လွှဲပြောင်းမှု(၂၁)မှု၊ ပိတ်သိမ်းမှု(၈)မှု၊ ငွေကြေးအကျိုးခံစားခွင့်(၄၅)မှုနှင့် လက်ကျန်အမှု(၁၄) တို့ဖြစ်ပြီး ငွေကြေးအကျိုးခံစားခွင့်ရှိသူ(၁၅၈)ဦးအား ငွေကျပ် ၁၆၄,၁၅၈,၈၄၁ ကိုခံစားခွင့် ရရှိစေခဲ့ပါသည်။ ကျွမ်းကျင်လုပ်သားများ ရရှိစေရန်လေ့ကျင့်ပေးခြင်းနှင့် ကျွမ်းကျင်မှုအဆင့်အလိုက် ကျွမ်းကျင်လုပ်သားများအား ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်၍ အသိအမှတ်ပြု လက်မှတ်များထုတ်ပေးခြင်းများအနေဖြင့် အောက်ပါအတိုင်းဖြစ်သည်-

 

mdn

 

mdn

 

အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန အနေဖြင့် အများပြည်သူအလုပ်ပိတ်ရက် အလုပ်လုပ်ခြင်း၊ လုပ်သက်ခွင့်ကိုငွေကြေးဖြင့် ခံစားခွင့်ပေးခြင်း၊ လုပ်အားခကျန်ငွေမရရှိမှုများ၊ ရှောင်တခင်ခွင့်၊ ဆေးခွင့်နှင့် မီးဖွားခွင့်များယူရာတွင် ငွေကြေးခံစားခွင့်များရရှိအောင် ဆောင်ရွက်ပေးခဲ့ရာ ငွေကြေးခံစားခွင့် ငွေကျပ်သိန်းပေါင်း ၈၇၀ဝ ကျော် ကိုခံစားခွင့်ပေးနိုင်ခဲ့ပြီး စက်ရုံ/အလုပ်ရုံများတွင် အလုပ်သမားများ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး အသိပညာ ရရှိစေရန်အတွက် မြို့နယ်အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန၊ စစ်ဆေးရေးအရာရှိများက စက်ရုံ/အလုပ်ရုံ (၂၉၇) ရုံမှ အလုပ်ရှင်၊ အလုပ်သမားများအား လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး၊ ကျန်းမာရေးဆိုင်ရာနှင့် ဥပဒေရေးရာသိမှတ်ဖွယ်ရာများအား ပညာပေးဟောပြောပို့ချမှု (၂၁၉) ကြိမ် ဆောင်ရွက်ခဲ့သည်။

 

အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ရာ၌ ခုံသမာဓိအဖွဲ့တွင်(၂၂)မှုနှင့် ခုံသမာဓိကောင်စီတွင်(၇)မှုကို ဖြေရှင်းဆောင်ရွက်ပေးခဲ့နိုင်ခဲ့သည်။

 

လူမှုဖူလုံရေးအဖွဲ့အနေဖြင့် လူမှုဖူလုံရေးဥပဒေတွင် အကျုံးဝင်သောစက်ရုံ၊ အလုပ်ရုံများရှိ အလုပ်သမားများအား လူမှုဖူလုံရေးအကျိုးခံစားခွင့်များရရှိရေးနှင့် ဆေးဝါးကုသပေးခြင်းများ ဆောင်ရွက်ရာတွင် ငွေကြေးအကျိုးခံစားခွင့်များ ထုတ်ပေးမှုအနေဖြင့် အာမခံအလုပ်သမားများအား ငွေကြေးအကျိုးခံစားခွင့်များအလိုက် ငွေကျပ်သိန်းပေါင်း ၁၆၀ဝ၀ ကျော်အကျိုးခံစားခွင့်ပေးခဲ့ပြီး အာမခံအလုပ်သမား ၁၈၄၅ ဦး အတွက် ဆေးဖိုးကုန်ကျငွေကျပ်သိန်း ၁၉၀ဝ ကျော် ပြန်လည်ထုတ်ပေးခဲ့သည်။

 

အာမခံအလုပ်သမားများအား ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ အတွင်း အလုပ်သမားဆေးရုံကြီးများ၊ လူမှုဖူလုံရေးဆေးခန်းများနှင့် ဌာနကြီးဆေးခန်းများတွင် ဆေးကုသပေးမှု အခြေအနေများမှာ အောက်ပါအတိုင်းဖြစ်သည်-

 

mdn

 

သတင်းစဉ်