ပိုင်ကျုံ     ၂၁  ဖေဖော်ဝါရီ

 

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၁၁ ရက်မှစတင်၍    မတ်လ ၂ဝ ရက်ထိ ကျင်းပသွားမည်ဖြစ်ရာ ကရင်ပြည်နယ် ပိုင်ကျုံမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူများအတွက် ဖေဖော်ဝါရီလ ၂၁ ရက်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 

99

 

ပိုင်ကျုံမြို့တွင် စာစစ်ဌာန(၄)ခုရှိြပီး (အထက)ပိုင်ကျုံတွင်(၁၉၄)ဦး၊ (အထက)နောင်ဘိုကြီး(၄၁၉)ဦး၊ (အထက) ပေါင်တွင် (၁၀၅)ဦး၊(အထက)ဒေါ်လန်း(၁၀၇)ဦး၊ စုစုပေါင်း(၈၂၅)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်းနှင့် စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

 

နော်ခူး(ပြန်/ဆက်)