ဆီဆိုင် ၂၁ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန ၄ ခု ဖြင့် ကျောင်းသား ကျောင်းသူ ၁၅၂၂ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဆီဆိုင်မြို့နယ်တွင် စာစစ်ဌာန ၄ ခုရှိပြီး ဘန်းယဉ်စာစစ်ဌာနတွင် အမျိုးသား (၂၆၅)ဦး၊ အမျိုးသမီး (၃၅၀)ဦး၊ ထမ့်ယမ်းစာစစ်ဌာနတွင် အမျိုးသား (၂၇)ဦး၊ အမျိုးသမီး (၆၅)ဦး၊ ဆိုက်ခေါင် စာစစ်ဌာနတွင် အမျိုးသား (၁၂၀)ဦး၊ အမျိုးသမီး (၂၀၃)ဦးနှင့် ဆီဆိုင်စာစစ်ဌာနတွင် အမျိုးသား (၁၆၇)ဦး၊ အမျိုးသမီး (၃၂၅)ဦး၊ စုစုပေါင်း အမျိုးသား (၅၇၉)ဦး၊ အမျိုးသမီး (၉၄၃)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)