နေပြည်တော်  ၂၁  ဖေဖော်ဝါရီ

 

၂၀၂၀ ရာသီ Myanmar National League (MNL) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၇) ပွဲစဉ်များ အနက် ရန်ကုန်ယူနိုက်တက် FC အသင်းနှင့် ရှမ်း ယူနိုက်တက် FC အသင်းတို့သည် ဖေဖော်ဝါရီ ၂၂ ရက်၊ ညနေ (၃)နာရီခွဲမှ စတင်၍ ရန်ကုန်မြို့ရှိ Y.U.S.C ကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

အဆိုပါ ဘောလုံးပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြား (MRTV) နှင့် MRTV Sports Channel တို့တွင် ယင်းနေ့ ညနေ (၃)နာရီ (၁၅)မိနစ်မှ စတင်၍ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်