ရန်ကုန် ၂၁ ဖေဖော်ဝါရီ
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ရန်ကုန်တက္ကသိုလ် ဘာသာရပ် ပေါင်းစုံ၊ အမျိုးသားအမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲကို ယနေ့နံနက်က ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (RC) ၌ အုပ်စုပတ်လည်ပွဲစဉ်များ ဆက်လက်ကျင်းပခဲ့သည်။
အဆိုပါအုပ်စုပတ်လည်ပြိုင်ပွဲ၌ ဘာသာရပ်ပေါင်းစုံမှ အမျိုးသားပြိုင်ပွဲတွင် ပထဝီဝင်အသင်းနှင့် မြန်မာစာအသင်း၊ ကွန်ပျူတာသိပ္ပံအသင်းနှင့် ရုက္ခဗေဒအသင်း၊ ထုတ်ကုန်ဓါတုဗေဒအသင်းနှင့် ဓာတုဗေဒအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာစာအသင်းနှင့် သင်္ချာအသင်း၊ စိတ်ပညာအသင်းနှင့် ဥပဒေပညာအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းပြိုင်ပွဲတွင် အမျိုးသား ၁၃ သင်း၊ အမျိုးသမီး ၁၀ သင်း စုစုပေါင်း ၂၃ သင်း ပါ၀င်ပြီး ပြိုင်ပွဲကို ဖေဖေါ်ဝါရီ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံတင်စိုး(မြန်မာ့အလင်း)