ရန်ကုန် ၂၁ ဖေဖော်ဝါရီ
အသက်အာမခံ ကုမ္မဏီဖြစ်သော AIA ၏ ကုမ္မဏီခွဲတစ်ခုဖြစ်သည့် AIA Myanmar မှ မတ်လ ၂၂ ရက် ည (၁၂) နာရီ ထိ ကျန်းမာရေးအာမခံနှင့် အသက်အာမခံ ပေါ်လစီဝယ်ယူသူများမှ ကံထူးသူတစ်ဦးကို ရွေးချယ်၍ လန်ဒန်မြို့ရှိ Tottenham Hotspur ဘောလုံးကွင်းတွင် ယှဉ်ပြိုင်မည့် Tottenham နှင့် Leicester City ဘောလုံးပွဲစဉ် ကြည်ရှုခွင့်နှင့် ဘောလုံးနည်းပြ Jose Mou rin ho နှင့် လေ့ကျင့်ရေးကွင်းတွင် မိတ်ဆက်ခွင့် ရရှိမည်ဖြစ်ကြောင်း AIA Myanmar အသက်အာမခံ ကုမ္မဏီမှသိရသည်။
ကံထူးသူအား လန်ဒန်မြို့၏ အလှအပနေရာများ၊ လန်ဒန်တံတား၊ Buckingham Palace၊ St Paul’s Cathedral နှင့်အခြား ထူးခြားစွဲဆောင်မှုရှိသော နေရာများကို လည်ပတ်ခွင့် ရရှိမည်ဖြစ်ရာ သတ်မှတ်ချက်နှင့် ကိုက်ညီသော customer များမှ တစ်ဦးကို မတ်လ (၂၃) ရက်နေ့တွင် Facebook Live မှတစ်ဆင့် ရွေးချယ်သွားမည်ဖြစ်သည်။
“ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက Customer တွေကို ပြန်လည်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ဒီအစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ပါတယ်” ဟုAIA Nyanmer ၏ CEO ဖြစ်သူMr.Nhon L uc Lyကပြောသည်။
AIA Myanmar သည် ရန်ကုန်မြို့ရှိ ဘောလုံးဝါသနာရှင် ကျောင်းသားလူငယ်များကို AIA KICK အစီအစဉ် တစ်ရပ်အနေဖြင့် English Premier League club ဖြစ်သော Tottenham Hotspur မှ နည်းပြများမှ အခြေခံဘောလုံး လေ့ကျင့်မှုကိုတစ်ရက်တာ အခမဲ့ လာရောက်ပြသခဲ့သည့်နည်းတူ AIA GO FOR LiGHT အစီအစဉ်ဖြင့် ပုဂံတွင် ၅ ကီလိုမီတာ အပြေးပြိုင်ပွဲကို လူငယ်များအတွက် စီစဉ်ကျင်းပ၍ ဆုများချီးမြှင့်ခဲ့သည်။ ထိုပုဂံဒေသရှိ ကျေးလက်ဒေသမှ အိမ်ခြေ (၁၀၀) ကိုလည်း ဆိုလာပြားများ လှူဒါန်းခြင်းစသော လူမှု အထောက်အကူပြု လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသက်အာမခံ၊ မတော်တဆ ထိခိုက်မှုအန္တရာယ်နှင့် ကျန်းမာရေးအာမခံ၊ ငွေစုခြင်းနှင့် ကာကွယ်မှုများနှင့် ပတ်သက်သော အာမခံအမျိုးအစားများကို ဝန်ဆောင်မှုပေးနေကြောင်း သိရပြီး အာမခံ ဝယ်ယူထားသူများအား လန်ဒန်တွင် ကျင်းပမည့် ဘောလုံးပွဲကြည့်ရှုခွင့်နှင့် လည်ပတ်ခွင့်အား သုံးညအိပ် လေးရက်ခရီးစဉ်အဖြစ် အခမဲ့ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုကို မတ်လ (၂၃)ရက်နေ့တွင် ကြေညာသွားမည်ဖြစ်သည်။
ဓာတ်ပုံ - သန်းစိုး - သန်းထိုက်