ရန်ကုန် ၂၁ဖေဖော်ဝါရီ
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ပြေးဆွဲလျက်ရှိသော YBS (၇၆)ယာဉ်လိုင်းအား ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ခရီးသွားပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ ယာဉ်အစီး ရေနှင့် ခရီးစဉ်လမ်းကြောင်းကို တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
YBS(၇၆)ယာဉ်လိုင်းအား ယခင်က မီနီဘတ်စ်ယာဉ်များဖြင့် အရှေ့ပိုင်းတက္ကသိုလ် (ဂိတ်ရင်း)မှ တာမွေ-စက်မှု(၁)(ဂိတ်ဖျား)အထိ ပြေးဆွဲလျက်ရှိရာမှ ယခုအခါ စီးတီးဘတ်စ်ယာဉ်ကြီးများပါ ထပ်တိုးပူးပေါင်း၍ ဂိတ်ရင်းကို သီလဝါ ခြောက်လမ်းသွား (ဆန်စက်ရှေ့)မှ တာမွေဗလီ-လှည်းတန်း-သမိုင်းလမ်းဆုံ-မင်းဓမ္မလမ်း(ရွှေကမ္ဘာ အိမ်ရာရှေ့)ဂိတ်ဖျား အထိ ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
မီနီဘတ်စ်ယာဉ်များဖြင့် ပြေးဆွဲပေးစဉ်က ဂိတ်ရင်းနေရာမှာ အရှေ့ပိုင်းတက္ကသိုလ်(တာဝ)ဖြစ်သော်လည်း တက္ကသိုလ် ရှေ့တွင် ယာဉ်ကြောပိတ်ဆို့မှုရှိခြင်းကြောင့် သီလဝါဆန်စက်ရှေ့သို့လည်းကောင်း၊ ဂိတ်ဖျားနေရာ စက်မှု(၁)တွင် ရပ်နား ရန်နှင့် စီးတီးဘတ်စ်ယာဉ်ကြီးများ ပြန်ကွေ့ရန်အခက်အခဲရှိသဖြင့် ခရီးစဉ်လမ်းကြောင်းတိုးချဲ့ကာ ဂိတ်ဖျားနေရာကို မရမ်းကုန် မြို့နယ် မင်းဓမ္မလမ်း(ရွှေကမ္ဘာအိမ်ရာရှေ့)သို့လည်းကောင်း ပြောင်းရွှေ့ပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
ကိုထက်


