မြိတ် ၂၂ ဖေဖော်ဝါရီ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ဗဟိုလမ်း၊ Grand Jade Hotel၊ ၄ လွှာ၊ အစည်အဝေးခန်းမ၌ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ စီးပွားရေးတွေ့ဆုံ ဆွေးနွေးပွဲကျင်းပကို ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၃ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ဗဟိုလမ်း၊ Grand Jade Hotle၊ ၄ လွှာ၊ အစည်အဝေးခန်းမ၌ ကျင်းပခဲ့ကြသည်။

ထိုတွေ့ဆုံ ဆွေးနွေးပွဲသို့ မြိတ်ခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန၊ ခရိုင်ဉီးစီးမှူး ဉီးဖြိုးဇာနည်ဝင်း၊ မြိတ်ခရိုင်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဉီးထွန်းထွန်းဝင်း၊ အတွင်းရေးမှူး ဉီးထွန်းထွန်းနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ ချွန်ဖွန်ခရိုင်မှ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း ဥက္ကဌ Mr. Psiboon Limlertvatee၊ ထိုင်းနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် (၁၈)ဉီး၊ စုစုပေါင်း(၄၀) ဦး တက်ရောက်ခဲ့ကြသည်။

 

1

 

ယင်းနွေးပွဲကို တက်ရောက်လာကြသည့် နှစ်နိုင်ငံဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက တစ်ဦးချင်း အပြန်အလှန် မိတ်ဆက်ကြပြီး ချွန်ဖွန်ခရိုင်၊ ကုန်သည်သည်ကြီးများအသင်း ဥက္ကဌ Mr. Psiboon Limlertvatee က နှစ်နိုင်ငံ စီးပွားရေး ပိုမိုဖွဲ့ဖြိုးတိုးတက်လာစေရန်အတွက် မြိတ်ခရိုင်အတွင်း စီးပွားရေးလုပ်ငန်းများ၌ ရင်းနှီးမြုပ်နှံဆောင်ရွက်လိုကြောင်း၊ မြိတ်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ လိုအပ်ချက်များကို မြေးမြန်းရာ မြိတ်ခရိုင်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းက မြိတ်ခရိုင်အတွင်းရှိ စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

မြင့်ဉီး(မြိတ်)