ဗန်းမောက် ၂၂ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နွေရာသီရေရှားပါးပြတ်လပ်မှု မရှိစေရန်အတွက် ပေတာကျေးရွာတွင် စက်ရေတွင်း (တွင်းနက်) တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် ၄ လက်မ၊ ပေ ၄၀ဝ စက်ရေတွင်း၊ ဂါလံ ၂၀ဝ ဆံ့ရေကန်၊ ရေစက်ရုံတို့ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၁၄ ဒသမ ၆) သန်းဖြင့် အောင်ပြည့်မာန် ကုမ္ပဏီက တာဝန်ယူဆောင်ရွက်ပြီး အိမ်ခြေ ၁၀၈ အိမ်၊ လူဦးရေ ၆၁၆ ဦးအား သောက်သုံးရေ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို(ကျွန်းလှ)


