ရပ်စောက် ၂၂ ဖေဖေါ်ဝါရီ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့တွင်ဗထူးတပ်နယ်နှင့် ရပ်စောက်မြို့တို့ ပူးပေါင်းပြီး မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၁ ရက် မွန်းလွဲ ၃ နာရီက ဗထူးတပ်မြို့ မင်းသုံးပါးပြည်သူ့အပန်းဖြေရင်ပြင်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ပြိုင်ပွဲတွင် ဗထူးတပ်နယ်နှင့်ရပ်စောက်မြို့တို့မှ ပြိုင်ပွဲဝင်အသင်း (၁၅) သင်းတို့က သူနိုင်ကိုယ်နိုင်ယှဉ်ပြိုင်ကြပြီး ဗထူးတပ်နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်မိရပ်ဖများက လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဗထူးတပ်နယ်မှူးနှင့်တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်ရာ ပထမ တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(သန္ဓေ)အသင်း၊ ဒုတိယ အမှတ်(၁) တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်အသင်း၊ တတိယ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းတို့မှ ဆုများရရှိကြပြီး ပြိုင်ပွဲဝင်အသင်းများ၏ ထမနဲများကို ပြည်သူများအားဝေငှခဲ့ပြီး မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မူမြစော(iprd)


