မန္တလေး ၂၂ ဖေဖော်ဝါရီ

ကလေးငယ်များကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီများကို ပြသသည့် Generation ARTWORK ပန်းချီပြပွဲကို ယနေ့ (ဖေဖော်ဝါရီ ၂၂) မှာ မန္တလေးတောင်ခြေရှိ Mandalay Hill Art Gallary တွင် ကျင်းပခဲ့သည်။ 

အဆိုပါပြပွဲတွင် အသက် ၄ နှစ်ခွဲမှ ၁၄ နှစ်အထိကလေးငယ် ၂၁ ဉီးကိုယ်တိုင်ရေးဆွဲထားသည့် ပန်းချီကား ၁၀ဝ ကျော်ကို ပြသည်ခဲ့သည်။

 

‌ေ

 

‘ပန်းချီပညာကိုသင်ပေးနေရင်းနဲ့ ကလေးတွေရဲ့စွမ်းရည်လေးတွေကို သိတော့ ပန်းချီပြပွဲလေး အနေနဲ့ပြရင် ကလေးတွေရဲ့ မိဘတွေတင်မကဘူး သူတို့ရဲ့ အသိုင်းအဝိုင်းတွေပါ သိရှိနိုင်အောင်ဆိုပြီးတော့ ဒီပြပွဲလေးကို စီစဉ်ပေးတာပါ’ဟု ပန်းချီဆရာမ ဒေါ်ရီရီထွန်းက ပြောသည်။

ပြသသည့်ပန်းချီအမျိုးအစားများမှာ ခဲပန်းချီ၊ ကာလာပန်းဆဲ၊ ခရေယွန်၊ ပိုစတာကာလာ၊ အခရိုင်းလစ်ဆိုပြီး ၅ မျိုးပါဝင်ပြသထားကြောင်းသိရသည်။

 

‌ေ

 

အဆိုပါပန်းချီပြပွဲကို ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

‘ဒီလိုပန်းချီပြပွဲလေးစီစဉ်ပေးတယ်ဆိုရင် ကျွန်မတစ်ယောက်တည်း စီစဉ်လို့မရပါဘူး ကလေးတွေ ၊မိဘတွေပံ့ပိုးမှုတွေလည်းပါပါတယ် အဲလိုပြည့်စုံလို့ ဒီနေ့လို ပြပွဲ ပြသခွင့်ရတာပါ’ဟု ပန်းချီဆရာမ ဒေါ်ရီရီထွန်းကဆိုသည်။

မို့မို့