နေပြည်တော် ၂၂ ဖေဖော်ဝါရီ
နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဥပ္ပါတသန္တိကုန်းတော်ပေါ်၌ တည်ထားကိုးကွယ်သည့် ဥပ္ပါတသန္တိစေတီတော်၏ ၁၂ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၂၀၂၀ ပြည့်နှစ် မတ် ၂ ရက်မှ ၈ ရက်အထိ (၇) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော် အကြိုအဖြစ် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ တပ်မတော်သားများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် စုပေါင်း၍ စေတီတော်လုံးတော်နှင့် အထက်ပစ္စယံတို့ကို ရေသပ္ပာယ်သန့်ရှင်းရေးပြုလုပ်ကြသည်။
အလားတူ ဖေဖော်ဝါရီ ၂၃ ရက် ညပိုင်းတွင် စေတီတော်ဂေါပကအဖွဲ့မှ ဦးဆောင်၍ စေတီတော်ရင်ပြင်တော်အား သန့်ရှင်းရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထက်လျှံ


