မုံရွာ  ၂၂   ဖေဖော်ဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်ရှိ ဥက္ကံကျေးရွာတွင် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ပန်းတင်ကျေးရွာတွင် သောက်သုံးရေရရှိတို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ ငွေကျပ် ၅၃ ဒသမ ၇၆ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်ထံမှ သိရသည်။ 
  
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ဥက္ကံကျေးရွာရှိ အိမ်ထောင်စု ၅၇၆ စုနှင့် လူဉီးရေ ၂၄၉၅ ဦးကို အကျိုးပြုမည့် ကုန်ထုတ်လမ်းကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေး နှစ် ပြည်ထောင်စုရန်ပုံငွေ ၃၅ ဒသမ ၄၆ သန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပန်းတင် ကျေးရွာရှိ အိမ်ထောင်စု ၂၁၈ စုနှင့် လူဦးရေ ၁၀၉၁ ဦးအတွက် နွေရာသီ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ ၁၈ ဒသမ ၃ သန်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မွှေးကြူဇင်