နေပြည်တော် ၂၂ ဖေဖော်ဝါရီ
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန် (၄၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ သွားဘက်ဆိုင်ရာ ဆေးလက်တွေ့ပါရဂူဘွဲ့ရရှိသူ (၃)ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာမဟာသိပ္ပံဘွဲ့(အထူးပြု) ရရှိသူ (၃၅)ဦး၊ အထွေထွေသွားရောဂါကု ဒီပလိုမာဘွဲ့ရရှိသူ (၅)ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရရှိသူ (၁၃၃)ဦး စုစုပေါင်း (၁၇၆)ဦးတို့အား သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-ရန်ကုန်၊ ပါမောက္ခချုပ် ပါမောက္ခဒေါက်တာရွှေတိုးက ဘွဲ့များအသီးသီး အပ်နှင်းခဲ့ကြောင်း သတင်းရရှိသည်။
MDN


