နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

မောင်တောမြို့နယ် လောင်းဒုံချောင်းတံတားအောက်မှ လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မောင်တောမြို့နယ် စပယ်ကုန်းကျေးရွာအနီး လောင်းဒုံ - ငါးခူရကားလမ်းမှ အရှည် ပေ ၆၀၊ အကျယ် ၁၆ ပေခန့်ရှိ လောင်းဒုံချောင်းကွန်ကရစ်တံတားအောက် ယက်မနှစ်ခုအကြား (ငါးခူရဘက်ခြမ်း တံတားချဉ်းကပ်လမ်းထိပ်)၌ မိုင်းဟုယူဆရသော အထုပ်တစ်ထုပ် တွေ့ရှိသဖြင့် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်း။

 

အဆိုပါ နေရာတွင် စောင်တစ်ထည်ဖြင့် ထုတ်ထားပြီး အဝအချင်း ၁၃ လက်မခွဲ၊ အတွင်း အချင်း ၁၈ လက်မ၊ အောက်ခြေအချင်း ၈ လက်မ၊ အမြင့် ၁၃လက်မ ခန့်ရှိ အဖုံးပါ ဒန်အိုးတစ်လုံးအား တွေ့ရှိပြီး ဒန်အိုးအတွင်း ဂွမ်းများ၊ ယမ်းစိမ်းနှင့် ပြဒါးမှုန့်များ ရောစပ်ထားသော လက်လုပ်ယမ်းများ၊ ဖန်ဂေါ်လီ အလုံး ၁၀ဝ၀ ခန့် ထည့်ထားပြီး လက်ပတ်နာရီ ၁ လုံး၊ ဆားကစ် ၁ ခု၊ ၉ ဗို့ ဘက္ထရီ ၂ လုံး၊ လျှပ်စစ် စနက်တံ ၃ ချောင်းတို့ကို ဝိုင်ယာကြိုးဖြင့် ဆက်ကာ အသက်သွင်းထားသော ဒေသန္တရာ လက်လုပ်မိုင်း ၁ လုံးဖြစ်သဖြင့် သက်မဲ့ပြုလုပ်ခဲ့ကြောင်းနှင့် လက်လုပ်မိုင်းအား သက်ဆိုင်ရာသို့ အပ်နှံထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

သတင်းစဉ်

 

mdn