ညောင်ဦး ၂၂ ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပျဉ်ချောင်းကျေးရွာ ဘုန်းတော်ကြီးတွင် စက်ရေတွင်း ချို့ယွင်းပျက်စီးသွားသဖြင့် သောက်သုံးရေအခက်ကြုံနေကြောင်း သိရ၍ ဖေဖော်ဝါရီ ၂၂ ရက်  မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီးဇော်မင်းသိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဌာနရေသယ်ယာဉ်ဖြင့် ရေဂါလန် ၁၆၀ဝ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ် ပျဉ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဆရာတော်နှင့် ကျောင်းသားကျောင်းသူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်းပေးရာတွင် စဉ့်ကူနယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီးဇော်မင်းသိန်းနှင့် တပ်ဖွဲ့ဝင်များက ဌာနရေသယ်ယာဉ်ဖြင့် ရေဂါလန် ၁၆၀ဝ အား ဘုန်းတော်ကြီးကျောင်းရှိ ရေလှောင်အုတ်ရေကန်အတွင်း ဖြည့်တင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

mdn

 

ညောင်ဦးမြို့နယ် စဉ့်ကူနယ်မြေမီးသတ်စခန်းအနေဖြင့် စဉ့်ကူတိုက်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်ကြုံနေပါက ဌာနရေသယ်ယာဉ်ဖြင့် ပြည်သူ့အကျိုးပြု သောက်သုံးရေလှူဒါန်းမှုများ ကူညီဆောင်ရွက်ပေးနေကြောင်းနှင့် သောက်သုံးရေအခက်အခဲများ ကြုံတွေ့ပါက ဆက်သွယ်အကူအညီ တောင်းခံနိုင်ကြောင်း နယ်မြေမီးသတ်စခန်းမှ တပ်ကြပ်ကြီး ဇော်မင်းသိန်းထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)