နေပြည်တော် ၂၂ ဖေဖော်ဝါရီ

 

တပ်မတော် သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တပ်မတော် စစ်သမိုင်းပြတိုက်၌ ပြုလုပ်သည်။

 

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ၊ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများ တက်ရောက်ကြသည်။

 

55

 

ရှေးဦးစွာ ဗိုလ်ချုပ်စိုးနိုင်ဦးက ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ အခြေအနေ၊ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဗိုလ်ချုပ်ထွန်းထွန်းညီက ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရခိုင်ပြည်နယ်အတွင်း AA အဖွဲ့က ကုမ္ပဏီဝန်ထမ်းများ၊ မြို့နယ်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အစိုးရဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အပြစ်မဲ့အရပ်သား ပြည်သူများလူထုများအား ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဓမ္မပြုကျင့်နှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်း စသည်တို့နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ပေးခဲ့သည့် အခြေအနေများအား ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် သတင်းဌာနများက မေးမြန်းမှုအပေါ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

သတင်းစဉ်