လေးမျက်နှာ ၂၃ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ကျေးလက်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်လူငယ်ရေးရာအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ ပူးပေါင်းစီစဉ်ဆောင်ရွက်သော “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ပြည်သူ့စကားဝိုင်းကို ရှမ်းရွာကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ တာတွင်းကုန်းကျောင်း ဓမ္မာရုံ၌ ဖေဖော်ဝါရီ ၂၅ ရက် မွန်းလွဲ ၁ နာရီတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
အဆိုပါ ပြည်သူ့စကားဝိုင်းတွင် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးများကို ပြည်သူများနှင့်အတူ ဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်သူ့စကားဝိုင်းကို စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ဆွေးနွေးနိုင်ကြောင်း သိရသည်။
ရွှေမိုး(ပြန်/ဆက်)


