အုတ်ဖို ၂၃ ဖေဖော်ဝါရီ
ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ယနေ့ နံနက် ၇ နာရီခွဲက ပြည်သူ့ကျန်းမာရေး အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ကျင်းပခဲ့ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့ကျန်းမာရေး အဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာအား တိုင်းဒေသကြီး လူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မင်္ဂလာပန္နက်တော်များ ရိုက်ပေးခဲ့သည်။
အဆိုပါ အဆောက်အဦအား အလျား ၆၇ ပေ အနံ ၃၇ ပေ RC(၂)ထပ်ဖြင့် မင်းသွေးပိုင်ကုမ္ပဏီမှ တာဝန်ယူ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)


