ဝက်လက်  ၂၃  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ နွေရာသီ ရေတွင်း ရေကန်များ ခန်းခြောက်၍ သောက်သုံးရေရှားပါမှု မဖြစ်စေရေအတွက် ယနေ့ နံနက် ၇ နာရီတွင် နဘဲပင်လှ ကျေးရွာ၊ ဘူးဘကန်ကျေးရွာ၊ ကန်ဘဲ့ကျေးရွာ၊ အုန္နဘုတ် ကျေးရွာတို့တွင် RWS/ MIS စနစ်တို့ဖြင့် ရေပေးဝေရေးဆိုင်ရာ အချက်အလက်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးရာတွင် ဝက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်လွင်ဦးနှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

စိုးစိုးလှိုင် (ဝက်လက်)