ရှားတော ၂၃ ဖေဖော်ဝါရီ
ကယားပြည်နယ်၊ ရှားတောမြို့၊ မြို့နယ်ခန်းမ၌ ယမန်နေ့ ညနေ ၃ နာရီခွဲက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ခန်းမဆောင်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ရည်ရွယ်၍ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် အမှိုက်မီးရှို့ခြင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်ပိုင်စိုး ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက စုပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
နန်းတင်တင်ဌေး(ပြန်/ဆက်)


