ကွတ်ခိုင် ၂၃ ဖေဖော်ဝါရီ
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အစီအစဉ်အရ ကျင်းပပြုလုပ်သော ကျောင်းအခြေပြုမီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲကို ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အားကစားကွင်းမှ စတင်၍ တာလွှတ်ပေးခဲ့ပြီး ကွတ်ခိုင်-လားရှိုး ပြည်ထောင်စုလမ်းမကြီးအတိုင်း လွိုင်ဆမ်ဆစ်တောင်ခြေအနီး ဂေါက်ကွင်းအထိ တစ်ပတ်ပြေးကာ မြို့နယ် အားကစားကွင်းအတွင်း ပြန်လည်ပန်းဝင်ခဲ့ကြသည်။
ယခုကျင်းပပြုလုပ်သော ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း၊ အထကခွဲ ကျောင်း၊ အလကကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၀၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မိုင်းဘဉာဏ်(ကွတ်ခိုင်)


