ရန်ကုန်   ၂၃  ဖေဖော်ဝါရီ

 

ရန်ကုန်မြစ်အတွင်း ပြုတ်ကျသူ အမျိုးသမီးအား ကယ်ဆယ်နိုင်ခဲ့သူ ချယ်ရီ() ရေယာဉ်မှူးအား  ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဒလမြို့နယ် ဗိုလ်ရန်ပြေရပ်ကွက် သင်္ဘောဆိပ်အဝိုင်းရှိ မြို့နယ် သယ်ယူပို့ဆောင်ရေးနှင့် ပင်မမော်တော်ယာဉ် ကြီးကြပ်မှုအသင်း ဒလရုံးခွဲရှေ့၌ ပြုလုပ်ခဲ့သည်။

 

ရန်ကုန်မြစ်အတွင်း ဖေဖော်ဝါရီ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်ပန်းဆိုးတန်း/ဒလ ကူးတို့ရေယာဉ်ဆိပ် ဒလဘက်ကမ်း၌ ချယ်ရီ()သင်္ဘော ထွက်ခွာစပြုနေစဉ်  အမျိုးသမီးတစ်ဦး သင်္ဘောပေါ်မှ ဆိပ်ခံ ဗောတံတားပေါ်သို့ ပြန်လည်ခုန်တက်မှုကြောင့် မြစ်အတွင်း ခြေချော်ပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ ချယ်ရီ() ရေယာဉ်မှူး (ရေယာဉ်အုပ်-) ဦးမြင့်အေး က သင်္ဘောဦးခန်း တက်မစင် အပေါ်ဆုံးထပ်မှ မြစ်တွင်းသို့ ခုန်ချပြီး ကယ်ဆယ်နိုင်ခဲ့ခြင်းကြောင့် ယခုလို ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်သည်။

 

ထိုသို့ဂုဏ်ပြုချီးမြှင့်ရာတွင် တွံတေးမြို့မှ အလှူရှင် ဦးချစ်တီ (ချစ်တီးရွှေဆိုင်+ဒေါ်ပုရွှေဆိုင်) တို့မှ အလှူငွေကျပ် သုံးသိန်းနှင့် ဂုဏ်ပြုမှတ်တမ်းအား ရေယာဉ်မှူး ဦးမြင့်အေးထံ ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

 

အဆိုပါ ဂုဏ်ပြုပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေး၊ အမှတ်() ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်၊ အမှတ်() ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွေးတင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

နိုင်လင်းကျော်(ဒလ)