ရန်ကုန် ၂၃ ဖေဖော်ဝါရီ
ရွှေကလောင် အွန်လိုင်းစာပေအဖွဲ့၏ (၅) နှစ်ပြည့်မိတ်ဆုံပွဲနှင့် စာအုပ်မိတ်ဆက်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။
မိတ်ဆက်ဆုံပွဲတွင် ရွှေကလောင် အွန်လိုင်းအဖွဲ့ နာယက စာရေးဆရာမင်းချမ်းမွန်က အမှာစကား ပြောကြားပြီး (၅) နှစ်ပြည့်ကာလအတွင်း ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများကို အဖွဲ့တည်ထောင်သူ စာရေးဆရာမိုးသီးက ပြောကြားသည်။
ယင်းနောက် စာရေးဆရာမ ဘေဘီက ABSDF ရဲမေဟောင်းတစ်ဦး၏ ဘုရားသုံးဆူနယ်မြေ(ဂျပန်ရေတွင်း) ဘ၀စာမျက်နှာများအကြောင်းကို ရေးဖွဲ့ထားသည့် “ကျွန်မရဲ့မနက်ဖြန်များ” စာအုပ်ကို မိတ်ဆက်တင်ပြသည်။
(ရတီ)


