ကျိုက်ထို ၂၃ ဖေဖော်ဝါရီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဘုရားသုံးဆူတောင်၌ တည်ထားသည့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူမြတ်စွာဘုရားကြီး ရင်ပြင်တော်အတက်၊ အဆင်းတွင် ထူးဆန်းသည့် ရှေးဟောင်း မီးရထားပုံစံ ကားလေးများနှင့် ဘုရားဖူးဧည့်သည်တော်များ အဆင်ပြေချောမွေ့ရန် သယ်ယူပို့ဆောင်လျက်ရှိကြောင်း သိရသည်။
“မော်တော်ယာဉ်တွေ စီစဉ်ထားတာကတော့ ဘုရားဖူးပြည်သူတွေကို အဆင်း/အတက်(၁၀ဝ၀) ကျပ်နှုန်းနဲ့ သတ်မှတ်ပေးထားပါတယ်။ ဒီဘုရားကြီးအတွက် ကိုရည်စူးပြီးတော့၊ ရသမျှငွေထဲကနေ အချိုးကျကို ပြန်လည်အသုံးပြုရန်အတွက် အသုံးပြုမှာပါ။ ထူးဆန်းတဲ့ ရှေးဟောင်း မီးရထားပုံစံလေးတွေနဲ့ တောင်ပေါ်တက်ရတာ ဘုရားဖူးပြည်သူတွေကို ဘယ်လိုပြောရမလဲဆိုရင် စိတ်ချမ်းသာတယ်ပေါ့။ ဒီကားလေးတွေဟာ ထူးထူးဆန်းဆန်း ဘုရားဖူးတောင်တက်ကို တောင်ကိုပတ်ပြီး တက်နေရတာဖြစ်လို့ အားလုံးအဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ထားပါတယ်လို့ အကျိုးတော်ဆောင် ဆရာတော် ဦးသုမနက မိန့်ကြားသည်။
မောင်ချစ်ဦး(ပန်းတနော်)


