စစ်ကိုင်း ၂၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို စစ်ကိုင်းမြို့ နှစ်(၇၀ဝ)အားကစားကွင်းရှိ ဖူဆယ်ဘောလုံးကွင်း အတွင်း၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက် ဖွင့်လှစ် ပေးခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အနိုင်မခံ အရှူံးမပေးဘဲ စိတ်ဓာတ်မြင့်မားစွာ ယှဉ်ပြိုင်ကစားသွားကြစေလိုပြီး အရည်အချင်းပြည့်ဝတဲ့ နိုင်ငံတော် ကအားထားရမယ့် ကစားသမားကောင်းများဖြစ်အောင် ကြိုးစားကစားသွားကြစေလိုကြောင်း ပြောကြားပြီး ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန်များ ရွတ်ဆိုခဲ့ကြပြီး ဖွင့်ပွဲနေ့ ပွဲစဉ်(၁)အဖြစ် စစ်ကိုင်းအမျိုးသားအသင်းနှင့် မုံရွာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်များမှ အမျိုးသား/အမျိုးသမီး အသင်း များပါဝင်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ကြောင်း သိရသည်။
စစ်ကိုင်းခရိုင်ပြန်/ဆက်


