ငရုတ်ကောင်း ၂၄ ဖေဖော်ဝါရီ
ဧရာ၀တီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်းမြို့ ကြွေချိုင်၊ နံ့သာပု၊ ဂေါ်ရန်ဂျီဒေသအား ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာ၀တီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး၀န်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သောအဖွဲ့သည် ဖေဖော်ဝါရီ ၂၃ ရက်က ဂေါ်ရန်ဂျီကျွန်းသို့ သွားရောက်ကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကြွေချိုင်ကျေးရွာ(Top Mother Hotel)၌ ဟိုတယ်/တည်းခိုခန်း လုပ်ငန်းပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ၀န်ကြီးချုပ်နှင့်အဖွဲ့သည် ငရုတ်ကောင်းမြို့နှင့် ဂေါ်ရန်ဂျီကျွန်း ဆက်သွယ်တည်ဆောက်လျက်ရှိသော ချောင်းဝတံတား စီမံကိန်းအား ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းတာ၀န်ခံများက တံတားတည်ဆောက်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ပြုံးမောင်မောင်(ပြန်/ဆက်)


