ပန်းတနော်   ၂၄   ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့မ စည်ပင်သာယာဈေးနှင့် ပန်းနံ့သာဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုနှင့် လက်တွေ့သရုပ်ပြမှုများကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

 

52

 

ရှေးဦးစွာ  မြို့နယ်မီးသတ်ဦးစီးမှူး ဉီးမောင်မောင်ဦးက မီးသတ်ဆေးဘူး အသုံးပြုနည်းများကို ရှင်းလင်းပြီး မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးဖြင့် လက်တွေ့သရုပ်ပြခြင်းကို ဆောင်ရွက်ခဲ့သည်။

 

741

 

ထို့နောက် ပန်းတနော်မြို့ရှိ မြို့မဈေးကြီးနှင့် ပန့်နံသာဈေးတို့တွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အေးချမ်းအောင်(ပြန်/ဆက်)

 

8523