မြောင်းမြ ၂၄  ဖေဖော်ဝါရီ

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ ဒေသခံပြည်သူများ သုတ၊ ရသ စာအုပ်ကောင်းများကို အလွယ်တကူ အခမဲ့ငှားရမ်းနိုင်ရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်နှင့် ဗဟုသုတများ တိုးပွား၍ အချိန်ကို အကျိုးရှိစွာ သုံးစွဲတတ်စေရန် ရည်ရွယ်၍ ရွေ့လျား စာကြည့်တိုက်မော်တော်ယာဉ် (Mobile Library Bus) ဖြင့် သူနာပြုသင်တန်းကျောင်းသို့ သွားရောက်၍ စာဖတ်ပရိသတ်များအား စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခဲ့သည်။

 

ငှားရမ်းပေးသည့် စာအုပ်များမှာ သုတ၊ ရသ စာအုပ်များ၊ ဝတ္ထုနှင့် ကလေးစာပေများ စုံလင်စွာ အခမဲ့ ငှားရမ်းပေးလျက်ရှိပြီး ရက်သတ္တနှစ်ပတ်လျှင် (၁)ကြိမ် လဲလှယ်ငှားရမ်း၍ ဝန်ဆောင်မှု ပေးလျက်ရှိကြောင်း သိရှိရပါသည်။ 

 

ကေခိုင်စိုး(မြောင်းမြ)

 

dfdds