ဘုတလင်  ၂၄  ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အမှာစကားပြောကြားပြီး စစ်ကိုင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းရီက ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

အဆိုပါ သင်တန်းသို့ သင်တန်းသူ ၃၀ တက်ရောက်ပြီး ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်းမှ ကာကွယ်စောင့်ရှောက်ခြင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်နှင့် ကလေးသူငယ်ဥပဒေ စသည့်ဘာသာရပ်များကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၆ ရက်အထိ သုံးရက်ကြာ ဆွေးနွေးပို့ချမည် ဖြစ်သည်။

 

သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းရီ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ထိုက်စုကြည်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)

 

dgsrr