ကျောက်ဆည် ၂၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဒေသခံ ကာတွန်းဆရာများ၊ဆောင်စုရတီစာပေတို့ ပူးပေါင်းပြီး ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် အတွေးအခေါ်များ မြင့်မားလာစေရန် ရည်ရွယ်ပြီး ဖေဖော်ဝါရီ(၂၁)ရက်နေ့မှ(၂၅)ရက်နေ့အထိ ကာတွန်းပြပွဲ၊ စာအုပ်ပြပွဲနှင့် စာအုပ်ဈေး ရောင်းပွဲတော်အား ကျောက်ဆည်မြို့လယ်ခေါင်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ(၂၄)ရက် စတုတ္ထနေ့တွင် လယ်ပြကြယ်ကိုယ်ပိုင်အထက်တန်း ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ လာရောက်ခဲ့ကြပြီး ကာတွန်းပြကွက်များကို စိတ်ဝင်စားစွာ လေ့လာခဲ့ကြပြီး စာအုပ်အရောင်းဆိုင်မှ ၎င်းတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို ဝယ်ယူ အားပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


