လက်ပံတန်း ၂၄ ဖေဖေါ်ဝါရီ 

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မြို့နယ်အဆင့် လူထုကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း(၂၀၁၉)နှစ်ပတ်လည် ဆန်းစစ် ဆွေးနွေး ပွဲကို ဖေဖေါ်ဝါရီလ ၂၄ရက်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးစိုးသူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းက ဆွေးနွေးပွဲကျင်းပရသည့် ရည်ရွယ်နှင့် ၂၀၁၉ ခုနှစ် ကမ္ဘာ့ကျန်းမာရေးနေ့ ဆောင်ပုဒ်ဖြစ်သည့်"အရည်အသွေး ပြည့်ကျန်းမာရေးလူတိုင်းရအောင်ဆောင်ရွက်ပေး" ဆောင်ပုဒ်နှင့်အညီ မြို့နယ် အတွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို အခြေခံပြီး ၂၀၂၀ပြည့်နှစ်တွင် စီမံချက်များရေးဆွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဝင့်နန္ဒာဌေး