ဝက်လက် ၂၄ ဖေဖော်ဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ် စက်သုံးဆီဆိုင်များတွင် ယနေ့ နံနက် ၇ နာရီက မီးဘေးလုံခြုံရေး အသိပညာပေး ခြင်းနှင့် မီးသတ်ဆေးဘူး စနစ်တကျ အသုံးပြုတတ်စေရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်စီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ရွာသာကြီးကျေးရွာအတွင်းရှိ စက်သုံးဆီအရောင်း ဆိုင်များတွင် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးခြင်းနှင့် စက်သုံးဆီ အရောင်းဝန်ထမ်းများကို မီးသတ်ဆေးဘူး စနစ်တကျ သုံးစွဲတတ်စေရေးအတွက် လက်တွေ့သင်ကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)


