နေပြည်တော် ၂၄ ဖေဖော်ဝါရီ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအထိမ်းအမှတ် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲများ၏ ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ်လအတွင်း အားကစားနှင့် ကာယပညာဦးစီးဌာန နေပြည်တော်၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဆောင်းပါး၊ ဝတ္ထုတို၊ ကဗျာနှင့် ဓါတ်ပုံပြိုင်ပွဲများသို့ ဆောင်းပါး(၈၃)ပုဒ်၊ ဝတ္ထုတို(၄၆)ပုဒ်၊ ကဗျာ(၆၈)ပုဒ် နှင့် ဓါတ်ပုံ(၄၂၇)ပုံ ပေးပို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။
ဆောင်းပါးပြိုင်ပွဲတွင် ဒေါ်ရွှေရွှေမြင့်(ရွှေလေညင်း)က ရောဂါကင်းလို့ ကျန်းမာဖို့ နေ့စဉ် လမ်းလျှောက်ကြပါစို့ ဖြင့် ပထမ၊ မာလာဦးက ရောဂါကင်းလို့ကျန်းမာဖို့ နေ့စဉ်လမ်းလျှောက် ကြပါစို့ ဖြင့် ဒုတိယ၊ မို့မို့အောင်သန်း(ဥပဒေ)က နိုင်ငံ့အားကစားမြှင့်တင်ရန် လူထုအားကစား ကိုအခြေခံ ဖြင့် တတိယ ရရှိကြပြီး ဇော်မင်းဌေး(ထားဝယ်)၊ ဒေါ်ခင်အုန်းမြင့် (မယ်မွှေး-ပညာရေး)၊ ဒေါ်မေနှင်းသန့် (နှင်းပွင့်ဖြူ)၊ ဦးဝင်းတင်(မဟော်ဂနီ)နှင့် ဧရာမောင် တို့က နှစ်သိမ့်ဆုကို လည်းကောင်း။
ဝတ္ထုတိုပြိုင်ပွဲတွင် ဦးဇော်လင်း (လင်းထက်-အင်းတော်ကြီး)က ပီတိစား၍အားရှိသည် ဖြင့် ပထမ၊ ခင်လပြည့်ဝန်းက နှင်းပုံရိပ်လွှာဖြင့် ဒုတိယ၊ ဒေါ်မေစိမ်းဝင်း(ကောင်းကင်မေ-စီးပွားရေးတက္ကသိုလ်) က ပန်းနုရောင်ဝေါ့ကင်း ရှူးလေးဖြင့် တတိယရရှိကြပြီး ဒေါ်သဉ္ဇာမိုး (သဉ္ဇာလှိုင်-လားရှိုး)၊ ဦးထိန်လင်း (လင်း အရုဏ်ဦး-ပဲခူး)၊ ဦးစိုးမိုးကျော် (နွေကံ့ကော်-မြို့လှ)၊ ဦးမြင့်မောင် (မောင်စူးရှ-အနောက်ရိုးမ) နှင့် တင်မိုးအေး တို့က နှစ်သိမ့်ဆုကိုလည်းကောင်း။
ကဗျာပြိုင်ပွဲတွင် ဒေါ်မြင့်မြင့်သန်း(မြင့်-ရွှေဘို) က နိုင်ငံ့အားကစားမြှင့်တင်ရန် လူထု အားကစားကို အခြေခံဖြင့် ပထမ၊ မဆောင်းသဇင်(သမီးပျို)က ကိုယ်လက်လှုပ်ရှားဆေး တစ်ပါး ဖြင့် ဒုတိယ၊ ဦးဌေးလှိုင် (ခန့်ကျော်ထင်လှိုင်-လွိုင်ကော်) က ဒီဇင်ဘာလူထု လမ်း လျှောက်ပွဲမှသည် ဖြင့် တတိယ ရရှိကြပြီး ဦးခင်မောင်ထွန်း(မင်းသွေးနွယ်-ဇီးကုန်း)၊ ဦးမျိုးဝင်း (ဘိုမျိုး-ရွှေဘို)၊ ဦးညိုဝင်း(မောင်မိုးလှိုင်-သစ္စာမြေ)၊ ဦးကျော်နိုင်(လုလင်-မှော်ဝန်းမြေ)နှင့် ဦးထွန်းအောင်ကျော် (စွမ်းဝေ-ဇီးကုန်း) တို့က နှစ်သိမ့်ဆုကိုလည်းကောင်း။
ဓာတ်ပုံပြိုင်ပွဲတွင် ဇော်ဇော်ဝေ(ဆင်ဖြူကျွန်း)က ပထမ၊ ဌေးဝင်း(ရမ္မာဝတီ)က ဒုတိယ၊ Dr.မြတ်ဇော်ဟိန်းက တတိယ ရရှိကြပြီး အောင်ကျော်ထွန်း (ပုသိမ်ကြီး)က နှစ်သိမ့်ဆု (၁)နှင့် နှစ်သိမ့်ဆု(၂)၊ မျိုးမင်းကြွယ်(ရွှေတောင်ကြား)က နှစ်သိမ့်ဆု (၃)၊ အထူးဆုများအဖြစ် မျိုးမင်းကြွယ် (ရွှေတောင်ကြား)၊ စိုင်းအောင်မြတ်(တောင်ကြီး)၊ သန်းလှိုင်ဦး၊ Dr.မြတ်ဇော်ဟိန်း၊ နိုင်ထူးအောင်၊ အောင်မြတ်မင်း (ပြန်/ဆက်) နှင့် အောင်ကျော်ထွန်း(ပုသိမ်ကြီး) တို့က လည်းကောင်း ဆွတ်ခူးရရှိခဲ့ သည်။
ဆုပေးပွဲ ကျင်းပမည့်ရက်အား ဆုရရှိသူများထံ ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းနံပါတ် ဝ၆၇ - ၈၁၀၄၃၃၄၊ ဝ၆၇ - ၈၁၀၄၃၃၅၊ ဝ၉ - ၂၀ဝ၂၁၉၆ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း သိရသည်။
(သတင်းစဉ်)


